English Chinese (Simplified) French Spanish

( 4 Days / 3 Nights )

Day: 1 Yangon – Chiang Mai

ching-mai-01ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ( ) လေကြောင်းလိုင်းဖြင့် ချင်းမိုင် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာပါမည်။ ထိုင်းနိုင်ငံ၏ ဒုတိယ မြို့တော်ဖြစ်သော ချင်းမိုင်မြို့သို့ ရောက်ရှိ ပြီးနောက် ဒေသခံ Tour Guide မှ  လာရောက်တွေ့ဆုံ ပြီးနောက် ဟိုတယ်သို့ check-in ၀င်ပါမည်။ ထို့နောက် ညနေပိုင်းတွင် ညစာကို Khan Toke ရိုးရာ အစားအသောက်ဖြင့် သုံးဆောင်ရင်း ထိုင်းရိုးရာ ယဉ်ကျေးမှု့ အကများနှင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု ခံစားပြီး ဟိုတယ်တွင် အနားယူ အိပ်စက် ပါမည်။

Day: 2 Chiang Mai – Maesa Elephant

ching-mai-02ဟိုတယ်တွင် မနက်စာ သုံးဆောင် ပြီးနောက် ချင်းမိုင်မြို့၏ နာမည်ကြီး ဆင်စခန်း တစ်ခုဖြစ်သော Maesa Elephant Camp သို့ သွားရောက် လည်ပတ်ရင်း ဆင်သရုပ် ပြပွဲများနှင့် ဆင်စီးခြင်းများကိုပြုလုပ်နိုင် ပါမည်။  နေ့လည်စာကို Orchid Farm တွင် ဘူဖေးဖြင့် သုံးဆောင် ပြီးနောက် ချင်းမိုင်မြို့၏ ထင်ရှားသော လက်မှု့ လုပ်ငန်း တစ်ခုဖြစ်သော ထိုင်းပိုးထည် ရက်ကန်းရှိရာသို့ သွားရောက် လည်ပတ်ကာ လေ့လာ ပါမည်။ ထို့နောက် ညနေပိုင်းတွင် ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူ အိပ်စက် ပါမည်။

Day: 3 Chiang Mai     - Night Safari

ching-mai-03ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ချင်းမိုင်မြို့ဟောင်းတွင်းရှိ ကျော်ကြား သော Temple များသို့ သွားရောက်ကာ လည်ပတ်ဖူးမြော်ပါမည်။ ဆက်လက်ပြီး ချင်းမိုင်၏ Cultural Museum သို့သွားရောက် လည်ပတ်ပြီးနောက် နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် ချင်းမိုင်၏ စည်ကားသော နေရာများတွင် ပျော်ရွှင်စွာဈေးဝယ်ပြီးနောက် ညစာကို Loacal Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် ချင်းမိုင်ရှိ Night Safari သို့သွားရောက်ကာ စိတ်လှုပ်ရှားဖွယ်ပြပွဲများကို ကြည့်ရှု ခံစားပြီးနောက်  ဟိုတယ်တွင် အနားယူ အိပ်စက်ပါမည်။

Day: 4 Chiang Mai - Doi Suthep Temple - Yangon (B/L/ D)

ching-mai-04ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ချင်းမိုင်မြို့ရှိ တန်ခိုးကြီးဘုရားများတွင် တစ်ခုအပါအ၀င်ဖြစ်သော တောင်ပေါ် ဘုရားဖြစ်သော Doi Suthep Temple သို့ သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် Chiang Mai Zoo သို့ သွားရောက်ပြီး ချစ်စဖွယ် Panda များကိုသွားရောက် ကြည့်ရှုလေ့လာပြီးနောက် နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Central Airport Plaza သို့သွားရောက်ကာ ပျော်ရွှင်စွာဈေးဝယ်ထွက်ပြီးနောက် ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  (   ) လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။


ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ်
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ(Twin or Double sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ