English Chinese (Simplified) French Spanish

( 4 Days / 3 Nights )

Day: 1 Yangon – Bali

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (   ) Airline ဖြင့်ဘာလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိပြီးနောက်ဒေသခံ Tour Guide မှလာရောက်ကြိုဆိုပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်သို့ check-in ၀င်ကာအနားယူ အိပ်စက်ပါမည်။

Day: 2 Bali

baliဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်း၏ အရှေ့ဘက်ရှိ Batubulan Village သို့သွားရောက်ကာ နာမည်ကျော်ယဉ်ကျေးမှု သရုပ်ဖော်ပြပွဲ တစ်ခုဖြစ်သော Barong and Keris Dance ကို သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် ဘာလီလူမျိုးတို့၏အဓိက အနုပညာလက်ရာများစွာရှိသော Celuk, Mas and Ubud Village များသို့သွားရောက် လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Denpasar မြို့တော်တွင်ရှိပြီး ဘာလီ လူမျိုးတို့၏ အထိမ်းအမှတ် ကျောက်တိုင် တစ်ခုဖြစ်သော Bajra Sandhi Monument သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် နာမည်ကျော်ကြားသော Temple တစ်ခုဖြစ်သော Tanah Lot သို့ သွားရောက်လည်ပတ်ပြီးနောက် ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 3 Bali

bali-01ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Tanjung Benoa ကမ်းခြေသို့ သွားရောက်ကာ banana boat ၊ jest ski ၊ snorkeling အစရှိသော ရေကစားခြင်း များ ကိုပျော်ရွှင်စွာဆော့ကစား ပါမည်။  နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ပင်လယ်ရေ မျက်နာပြင် အထက် ပေ၂၅၀ အမြင့်ရှိပြီး ဘာလီ ကျွန်းပေါ်ရှိ ကျော်ကြားသောနေရာ များထဲတွင် တစ်ခု အပါအ၀င်ဖြစ်သော  Uluwatu သို့ သွားရောက်ကာ လည်ပတ်ပါမည်။ ထို့နောက် ထုံးကျောက် တောင်ကုန်းပေါ်တွင် တည်ရှိပြီး ဘာလီလူမျိုးတို့၏ ယဉ်ကျေးမှုများ ကိုပေါင်းစည်းထားသော အမှတ်အသားအဖြစ် သတ်မှတ်သော နေရာဖြစ်သည့် Garuda Wisnu Kencana Statue တည်ရှိရာသို့ သွားရောက် လည်ပတ်လေ့လာပါမည်။ ညစာကို  BBQ Seafood  ဖြင့်  Local Restaurant  တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အနားယူ အိပ်စက်ပါမည်။

Day : 4 Bali - Yangon

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင်အားလပ်ချိန်ယူပြီး ဘာလီအပြည်အပြည်ဆိုင်ရာ လေဆိပ်မှ (     ) လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။


ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ်
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ(Twin sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု
  • Guide နှင့် Driver အတွက် Tipping ကြေး


ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ