English Chinese (Simplified) French Spanish

( 4 Days / 3 Nights )

Day: 1 Yangon – Ho Chi Minh – Vung Tau

hochiminh-01ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (   ) လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Tan Son Nhat လေဆိပ်သို့  ရောက်ရှိ ပြီးနောက်ဒေသခံ Tour Guide မှလာရောက်ကြိုဆိုပြီး Vung Tau ကမ်းခြေမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် Vung Tau သို့ရောက်ရှိပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပြီး  ဟိုတယ်သို့ check-in ၀င်ကာအနားယူ အိပ်စက်ပါမည်။

 

Day: 2 Vung Tau     - Ho Chi Minh

hochiminh-02ဟိုတယ်တွင် မနက်စာ သုံးဆောင် ပြီးနောက် ဘုရင် Bao Dai ၏ အထိမ်း အမှတ် ပြတိုက်နေရာ ဖြစ်သော Summer Palace သို့ သွားရောက် လည်ပတ် ပြီးနောက်  Tian Hou temple of Five Races  နှင့်  The Whale Temple သို့လည်း ဆက်လက် လည်ပတ် ပါမည်။ နေ့လည်စာကို Local Restaurant  တွင် သုံးဆောင် ပြီးနောက် ဟိုချီမင်းမြို့သို့ ပြန်လည် ထွက်ခွာ ပါမည်။ ဟိုချီမင်းမြို့သို့ ရောက်ရှိပြီးနောက် ညစာကို  Local Restaurant  တွင် သုံးဆောင်ပြီး  ဟိုတယ်တွင် အနားယူ အိပ်စက် ပါမည်။  

Day: 3 Ho Chi Minh - My Tho

hochiminh-03ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့မှ ကားဖြင့် နှစ်နာရီကြာ မောင်းနှင်ပြီး  ဗီယက်နမ်နိုင်ငံ  တောင်ပိုင်းရှိ Mekong Delta မြို့ရှိ My Tho သို့ သွားရောက်ပါမည်။ My Tho သို့ ရောက်ရှိပြီးနောက် နာမည် ကျော်ကြားသော  ဗုဒ္ဒဘုရားကျောင်း ဖြစ်သော Vinh Trang Pagoda သို့ သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် Mekong မြစ်အတွင်းလှေဖြင့်  သာယာလှပသော Thoi Son Islet သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် My Tho သို့လှေဖြင့်ပြန်လာပြီး  နေ့လည်စာ သုံးဆောင်ပြီး ဟိုချီမင်းမြို့ သို့ပြန်လည်ထွက်ခွာပါမည်။ ဟိုချီမင်းမြို့သို့ ရောက်ရှိပြီး ညစာကို Local Restaurnat တွင်သုံးဆောင် ပြီးနောက် ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 4 Ho Chi Minh - Yangon

hochiminh-04ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့၏ အထိမ်း အမှတ်နေရာတစ်ခုဖြစ်သော Independence Palace ၊ ပြင်သစ် ကိုလိုနီပြယုဒ်ဖြစ်သော ခရစ်ယာန်ဘုရား ရှိခိုးကျောင်း နှင့် စာတိုက် ဟောင်းများရှိရာသို့သွားရောက်လည်ပတ်ပါမည်။

ထို့နောက် ဒေသ ထွက်ကုန်များစွာ ပေါများသော Ben Thanh Market သို့ပျော်ရွှင်စွာ သွားရောက်ဈေးဝယ် ပြီးနောက် ဟိုချီမင်းလေဆိပ်မှ (   ) လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ် အသွားအပြန်
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ (Twin sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ
  • ခရီးစဉ်အတွက်လိုအပ်သောစာရွက်စာတမ်းများ
  • Passport (၆လသက်တမ်းကျန်ရှိရပါမည်) နှင့် ဓါတ်ပုံ ၂ ပုံ
  • အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္ထူ