English Chinese (Simplified) French Spanish

( 6 Days / 5 Nights )

Day: 1 Yangon – Hanoi

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (  ) ဖြင့် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ရှိ Noi Bai လေဆိပ်သို့  ရောက်ရှိပြီးနောက်ဒေသခံ Tour Guide မှ လာရောက်ကြိုဆိုပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက်  ဟိုတယ်သို့ check-in ၀င်ကာအနားယူ အိပ်စက်ပါမည်။

Day: 2 Hanoi – Halong Bay

hanoi-01ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဗီယက်နမ် အမျိုးသားရေး ခေါင်းဆောင် ဟိုချီမင်း၏ အလုပ်ရုံးခန်းအဖြစ် အသုံးပြုနေထိုင်ခဲ့သောအိမ် ၊ အထိမ်းအမှတ်အဖြစ် ထားရှိသော အာဇာနည် ဗိမာန်များသို့ သွားရောက် လေ့လာပါမည်။ လမ်းခရီးတွင် One Pillar ဘုရားကို ၀င်ရောက် ဖူးမြော်ပြီးနောက် ဗီယက်နမ် ခေတ်အဆက်ဆက် စာပေများကို စုဆောင်းထားရှိရာ Temple of Literature သို့သွားရောက်ကာ လေ့လာ ပါမည်။ နေ့လည်စာကို Local Restaurant သုံးဆောင်ပြီးနောက် ဟလောင်းမြို့သို့ ဆက်လက် ထွက်ခွာ ပါမည်။ ဟလောင်းမြို့သို့ ရောက်ရှိ ပြီးနောက် ညစာကို Local Restaurant သုံးဆောင်ပြီး ဟိုတယ်သို့ check-in ၀င်ကာအနားယူ အိပ်စက် ပါမည်။

Day: 3 Halong Bay - Hanoi

hanoi-02ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထား ရသော Ha Long  Bay သို့ Junk Boat ဖြင့် သွားရောက် ကာဟလောင်းပင်လယ်အတွင်းရှိ ထူးဆန်းအံ့သြဖွယ် ကျွန်းများဖြစ်သော Thien Cung Grotto, Wooden Stakes Island, Round Over Tuan Chau Island, Dinh Huong Island, Ga Choi Island, Dog Island နှင့် Sail Island တို့သို့ သွားရောက်ကာ လေ့လာပါမည်။ နေ့လည်စာကို လှေပေါ်တွင် သုံးဆောင်ပါမည်။ ထို့နောက် Hanoi မြို့သို့ပြန်လာကာ ဒဏ္ဍာရီဆန်သော Kiem Lake နှင့် ရိုးရာ ရေပေါ် ရုပ်သေးအကကိုကြည့်ရှုခံစားပါမည်။ ထို့နောက် Hanoi မြို့၏ စည်ကားသောနေရာ တစ်ခုဖြစ်သော The Old Streets သို့ ရိုးရာဘီးတပ်ယာဉ် Cyclo ဖြင့်သွားရောက်လည်ပတ်ပြီးနောက် ညစာကို Local Restaurant သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူ အိပ်စက်ပါမည်။

Day: 4 Hanoi – Ho Chi Minh City

hanoi-03ဟိုတယ်တွင် မနက်စာ သုံးဆောင် ပြီးနောက် Noi Bai အပြည်ပြည် ဆိုင်ရာ လေဆိပ် မှပြည်တွင်း လေကြောင်း လိုင်းဖြင့် ဟိုချီမင်း မြို့သို့ သွားရောက် ပါမည်။ ဟိုချီမင်း မြို့သို့ ရောက်ရှိပြီး ဒေသခံ Tour Guide မှ လာရောက် ကြိုဆို ပြီးနောက် နေ့လည်စာ ကို Local Restaurant တွင် သုံးဆောင်ပြီး  ဟိုချီမင်း မြို့တော်၏ အထင် ကရ နေရာများ ဖြစ်ကြသော ရှေးဟောင်း ဘုရင် နန်းတော် ၊ ဗီယက်နမ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် တည်ရှိသော စစ်သမိုင်းပြတိုက် ၊ ပြင်သစ် ကိုလိုနီ  ပြယုဒ်ဖြစ်သော ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှင့် စာတိုက်ဟောင်းများ ရှိရာသို့ သွားရောက်ေ လ့လာ ပါမည်။ ထို့နောက် ညစာကို  Local Restaurant  သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူ အိပ်စက် ပါမည်။

Day: 5 Ho Chi Minh – Cu Chi

hanoi-04ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ပြည်တွင်းစစ်အတွင်း ဗီယက်နမ် လူမျိုးများ ဗုံးခိုကျင်းအဖြစ် အသုံးပြုခဲ့သော Cu Cui လှိုဏ်ခေါင်းသို့ သွားရောက်လည်ပတ် လေ့လာပါမည်။ Cu Cui လှိုဏ်ခေါင်းသည် ဟိုချီမင်း မြို့မှ အနောက်မြောက်ဘက် (70km) အကွာတွင်တည်ရှိပြီး ဗုန်းဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်စီမံထားခဲ့သော ကတုတ်ကျင်း လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူ အတွင်းအစည်းအဝေး ကျင်းပနိုင် သောခန်းမများ၊ စာသင်ခန်းနှင့် ဆေးကုသ ဆောင်များ၊ လက်နက် သိုလှောင်ရုံများကိုပါထည့်သွင်း တည်ဆောက်ထားခဲ့သည်။ နေ့လည်စာကို Local Restaurant သုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့သို့ ပြန်လာကာ Thien Hau Pagoda သို့သွားရောက်ကာ ဖူးမြော်ပြီးနောက် Ben Thanh market တွင်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ညစာကို Local Restaurant သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူ အိပ်စက်ပါမည်။

Day: 6 Sai Gon - Yangon

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ Sai Gon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (    ) လေကြောင်းလိုင်းဖြင့် ထွက်ခွာ ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။


ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ် အသွားအပြန် (International & Domestic)
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ (Twin sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ
  • ခရီးစဉ်အတွက်လိုအပ်သောစာရွက်စာတမ်းများ
  • Passport (၆လသက်တမ်းကျန်ရှိရပါမည်) နှင့် ဓါတ်ပုံ ၂ ပုံ
  • အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္ထူ