English Chinese (Simplified) French Spanish

( 5 Days / 4 Nights )

Day: 1 Yangon – Chiang Mai

ching-mai-01ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ( )  လေကြောင်းလိုင်းဖြင့် ချင်းမိုင် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာပါမည်။ ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သော ချင်းမိုင်မြို့သို့ ရောက် ရှိပြီးနောက် ဒေသခံ Tour Guide မှလာရောက် တွေ့ဆုံ ပြီးနောက် ဟိုတယ်သို့ check-in ၀င်ပါမည်။ ထို့နောက် ညနေပိုင်းတွင် ညစာကို Khan Toke  ရိုးရာအစားအသောက်ဖြင့် သုံးဆောင်ရင်း ထိုင်းရိုးရာ ယဉ်ကျေးမှု့ အကများနှင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုခံစားပြီး ဟိုတယ်တွင် အနားယူ အိပ်စက်ပါမည်။

Day: 2 Chiang Mai     - Chiang Rai

chaing-rai-02ဟိုတယ်တွင် မနက်စာ သုံးဆောင် ပြီးနောက် ချင်းမိုင်မြို့မှ ထွက်ခွာကာ ချင်းရိုင်မြို့ခေါ် ရွှေတြိဂံ နယ်မြေသို့ သွားရောက် ပါမည်။

ထို့နောက် သဘာဝ Hot Spring သို့ သွားရောက်လည်ပတ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ခြား နေရာဖြစ်သော Mae Sai မြို့သို့လည်း သွားရောက်ရင်း ဒေသထွက်ကုန်များကို လည်ပတ် ကြည့်ရှုရင်း ၀ယ်ယူနိုင်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Opium Museum သို့လည်း ၀င်ရောက်လည်ပတ်ပြီး ရွှေတြိဂံနယ်မြေ၏ လှပသာယာသော ရှုခင်းများကို ကြည့်ရှု ခံစားပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 3 Chiang Rai – Chiang Mai

chaing-rai-03ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ချင်းရိုင်မြို့၏ သမိုင်းဝင်ဗုဒ္ဒ ဘုရားကျောင်း ဖြစ်သော Emerald Buddha သို့သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် ချင်းရိုင်ရှိ Doi Tung Royal Garden ၊ Royal Palace ၊ White Temple တို့သို့လည်း သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ချင်းမိုင်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ထို့နောက် ဟိုတယ်သို့ check-in ၀င်ရောက်ပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပြီး အနားယူအိပ်စက်ပါမည်။

Day: 4 Chiang Mai

ching-mai-04ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ချင်းမိုင်မြို့၏ အထင်ရှားဆုံးနှင့် တန်ခိုးကြီးဘုရားများ အနက်တစ်ခု အပါအ၀င်ဖြစ်ပြီး တောင်ပေါ်ဆုတောင်းပြည့်ဘုရား ဖြစ်သော Doi Suthep Pagoda သို့ သွားရောက် ဖူးမြော်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက်  ချင်းမိုင်းမြို့ရှိ စည်ကားသော Central Festival Mall တွင် ပျော်ရွှင်စွာဈေးဝယ်ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 5 Chiang Mai - Yangon

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ check-out လုပ်ပြီးနောက် ချင်းမိုင်မြို့ရှိ 3D Art Gallery  သို့သွားရောက် ကြည့်ရှုပါမည်။ ထို့နောက်  Central Airport Plaza & Robinson သို့ သွားရောက်ကာ ပျော်ရွှင်စွာ ဈေးဝယ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကာ (   ) လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိပါမည်။


ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ်
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ(Twin or Double sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ