English Chinese (Simplified) French Spanish

( 3 Days / 2 Nights )

Day: 1 Yangon - Bangkok

shopping-01ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (Nok Air) လေကြောင်းလိုင်းဖြင့်ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိကာ ဒေသခံ Tour Guide မှ လာရောက်ကြိုဆိုပြီးနောက် ထိုင်းနိုင်ငံ၏ အထင်ကရနေရာ တစ်ခုဖြစ်သော Grand Palace သို့သွားရောက်ပြီး Emerald Buddha, Wat Pho and Wat Arun တို့သို့သွားရောက်လည်ပတ်ဖူးမြော်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် MBK Shopping Mall တွင်ပျော်ရွှင်စွာ သွားရောက်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်သို့ check-in ၀င်ရောက်ပြီး ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီး (မိမိအစီစဉ်ဖြင့် ဟိုတယ်သို့ပြန်ပါမည်။) ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 2 Bangkok – Safari World

shopping-02ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Safari World သို့ သွားရောက် လည်ပတ် ပါမည်။ နေ့လည်စာကို Safari World တွင် သုံးဆောင် ပြီးနောက် Safari World အတွင်းပြပွဲများကို ကြည့်ရှုရင်း လည်ပတ်ပါမည်။ ထို့နောက် ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day: 3 Bangkok - Yangon

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မိမိအစီအစဉ်ဖြင့် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်မှ check-out လုပ်ပြီး ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပြီး (Nok Air) လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိပါမည်။


ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • အပြည်ပြည်ဆိုင်ရာလေကြောင်းလက်မှတ်
  • ခရီးစဉ်အတွင်းတည်းခိုသည့်ဟိုတယ်များ၏ အခန်းခများ(Twin or Double sharing)
  • ခရီးစဉ်တွင်ဖော်ပြထားသောနံနက်စာ၊ နေ့လည်စာ၊ ညစာများ
  • ခရီးစဉ်တွင်ဖော်ပြထားသောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
  • ခရီးစဉ်တွင်ပါဝင်သော Air-con car အကြိုအပို့
  • English Guide နှင့် Tour Leader ၀န်ဆောင်မှု


ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry charges, Room Services, Phone Bills, etc..
  • လေယာဉ်ဝန်ပိုသယ်ဆောင်ခ
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားအရာများ